အခုနှစ်ချန်ပီယံလိဂ်မှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဆုဖလားရယူနိုင်စွမ်းရှိတယ်လို့ အသင်းရဲ့ အားကစားဒါရိုက်တာ အီဒူးက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံနေပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ မယ်ဆိုရင်လည်း ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံရမှာပါ။
အသင်းအားကစားဒါရိုက်တာ အီဒူးကတော့ အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ အရှိန်အဟုန်အရ ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ခွင့်ရှိကြောင်း၊ အသင်းရဲ့အရှိန်အဝါအရလည်း ချန်ပီယံဆုရယူနိုင်တဲ့ အခြေအနေ အမြဲတမ်းရှိနေဖို့ လိုအပ်ကြောင်း ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၇ ခုနှစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၁၀ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
Photo-Reuters