Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်၌ စစ်တပ်ဗုံးကြဲ၊ ကိုရင် ၂ ပါး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ပျက်စီး
DVB
·
March 15, 2024
si 1532024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယမ်ရွာမှာ မတ် ၁၅ ရက် နေ့လယ် ၁ နာရီက စစ်ကောင်စီလေယာဉ်နဲ့ ဗုံးလာကြဲပြီး ကိုရင်နှစ်ပါး ဒဏ်ရာရကာ ဘုန်ကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့  ဒေသခံထံက သိရပါတယ်။

ထမ်းယမ်ရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တော်လှန်ရေးအဖွဲ့တွေ တပ်စွဲနေထိုင်တာလည်း မရှိဘဲ စစ်တပ်က တမင်သက်သက် ဗုံးနဲ့လာကြဲတာလို့ ရွာသားတွေက ပြောပါတယ်။

ရွာခံတဦးက “ဗုံးလာကြဲပြီး ဘုန်းကြီးကျောင်းဆောင်တွေ ရစရာကို မရှိတော့ဘူး ပျက်စီးကုန်တယ်။ ကိုရင်လည်း ဒဏ်ရာရသွားတယ်။ ရွာထဲ အိမ်တချို့လည်း ပျက်စီးသွားတယ်။ အရမ်းယုတ်မာတာပဲ” လို့ ပြောပါတယ်။

ထမ်းယမ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးပေမဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လာတာ တလနီးပါးရှိပြီလို့ ရွာသားက ပြောပါတယ်။

နောက်ဒေသခံတဦးက “တိုက်ပွဲဖြစ်ပွားဖူးတာ လုံးဝမရှိသေးဘူး။ ဆီဆိုင်တိုက်ပွဲ စဖြစ်ကတည်းက စစ်တပ်က တဖက်သက် အငြိုးတွေနဲ့ ရွာကိုတိုက်ခိုက်နေတာ” လို့ ပြောပါတယ်။

ဖော်ဖော်ဝါရီ ၁၅ ရက်မှာလည်း ထမ်းယမ်ရွာကို ဘန်းယဉ်မြို့ရှိ စစ်ကောင်စီ လက်နက်ကြီးတပ်က ပစ်ခတ်တိုက်ခိုက်တာကြောင့် ခြောက်လအရွယ် ကလေးငယ်တဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013