ဖက်ဆစ်ဂျပန်ခေတ်ရဲ့ ပြယုဂ်အဖြစ် အာရှအိမ်နီးချင်းနိုင်ငံတွေက ရှုမြင်ကြတဲ့ ယာဆုကုနိ စစ်သင်္ချိုင်းရဲ့ ကျောင်းထိုင်ဆရာတော်သစ်အဖြစ် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်းတဦးကို ရွေးချယ်ခဲ့တာဟာ အငြင်းပွားစရာ ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ရေကြောင်းကာကွယ်ရေးအဖွဲ့ တပ်မှူးဟောင်း အူမိယိုအော့ဆုကကို ကျောင်းထိုင်ဆရာတော်သစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၇၈ နောက်ပိုင်း စစ်ဘက်အရာရှိဟောင်းတဦးကို ဒီနေရာမှာ ခန့်အပ်မှုလည်းဖြစ်ပါတယ်။
စစ်ဘက်အငြိမ်းစားကနေ ကျောင်းထိုင်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ နာဂိုယိုရှိ မတ်ဆုဒိုင်ရာဟာ ဒီစစ်သင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဝန်ကြီးချုပ် ဟိဒေကီတိုဂျို အပါအဝင် ထင်ရှားတဲ့ စစ်ရာဇဝတ်ကောင် ၁၄ ဦးကို မြှုပ်နှံပေးခဲ့သလို စစ်အတွင်း ကျဆုံးခဲ့သူ ၂ ဒသမ ၅ သန်းကို ဂုဏ်ပြုပေးခဲ့သူ ဖြစ်ပါတယ်။
ယာဆုကုနိ ဆိုတာဟာ ဂျပန်စကားအရ ငြိမ်းချမ်းတဲ့တိုင်းပြည်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစစ်သင်္ချိုင်းကို ဂျပန်ဝန်ကြီးချုပ်လို နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ လာရောက် ဂါရဝပြုတဲ့ အခါတိုင်း ဂျပန်ကျူးကျော်မှုနဲ့ ရက်စက်မှုတွေ ခံခဲ့ရတဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။
ဒါပေမဲ့ ၁၈၆၉ ကတည်းက ထူထောင်ခဲ့တဲ့ ဒီစစ်သင်္ချိုင်းဟာ စစ်ကြောင့် ကျဆုံးသူအားလုံးကို ဂုဏ်ပြုဖို့ တည်ဆောက်ထားခဲ့တာဖြစ်ပြီး အိမ်နီးချင်းတွေကို ကျူးကျော်ခဲ့သူတွေကို သီးသန့်ဂုဏ်ပြုတဲ့နေရာ မဟုတ်ဘူးလို့ ဂျပန်ကွန်ဆာဗေးတစ်တွေက တုံ့ပြန်ပါတယ်။
Source/Photo-Reuters