Home
မြန်မာသတင်း
မြန်မာနယ်စပ်တွင် ထိုင်း F16 တိုက်လေယာဉ် လုံခြုံရေးစောင့်ကြည့် ပျံသန်း
DVB
·
March 15, 2024
mya 1532024

ထိုင်းစစ်တပ်က F16 တိုက်လေယာဉ် တစင်းဟာ မြန်မာ-ထိုင်းနယ်စပ်အနီး ထိုင်းလေပိုင်နက်ထဲမှာ မတ်လ ၁၅ ရက် ဒီနေ့  ထိုင်းစံတော်ချိန် မနက် ၉ နာရီခွဲလောက်က ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် ပျံသန်းနေတာကို မြင်တွေ့ရပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ  အခုရက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီလေတပ်က စစ်တိုက်လေယာဉ်တွေ ပျံသန်းမှု အကြိမ်ရေ များလာတဲ့အတွက် ထိုင်းစစ်တပ်ကလည်း တိုက်လေယာဉ်နဲ့ ပျံသန်း စောင့်ကြည့်နေတာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်တဲ့ နယ်စပ် သတင်းရင်းမြစ်က ပြောပါတယ်။  

မြဝတီခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်စခန်းတွေနဲ့ ဗျူဟာစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာကြောင့် စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အခုရက်ပိုင်း သင်္ဃန်းညီနောက်အခြေစိုက်  မခရ ၃၅၅ တပ်၊  မြဝတီမြို့အနီး ဖလူးကျေးရွာစခန်း၊ ကျိုက်ဒုံမြို့ဗျူဟာစခန်းနဲ့  ၃၅၇ တပ်စခန်းတွေကို  KNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မြေပြင်တပ်တွေက လေကြောင်း ပစ်ကူပေးဖို့ တောင်းဆိုခဲ့ပေမဲ့ မကူပေးနိုင်တဲ့အတွက် ဖလူးစခန်းကြီး ကိုလက်လွှတ်ခဲ့ရတာလို့ စခန်းတွင်းမှထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား တဦးက ပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေဘက်မှာလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်မျက်နှာဖွင့် တိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013