Home
နိုင်ငံတကာ
အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့တို့ လေထီးခုန်လေ့ကျင့်
DVB
·
March 15, 2024
US SouthKorea_15032024

အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေဟာ တောင်ကိုရီးယား ကွန်မန်ဒိုတပ်ဖွဲ့နဲ့အတူ မတ် ၁၄ ရက်က လေထီးခုန်လေ့ကျင့်ခဲ့ကြပြီး လေ့ကျင့်ခဲ့ကြပါတယ်။

ဒီလေ့ကျင့်မှုကို အမေရိကန် အထူးစစ်ဆင်ရေး MC-130 လေယာဉ်မှ Freedom Shield လေ့ကျင့်ခန်း နောက်ဆုံးနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားဆီက မမျှော်လင့်ထားတဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအနေနဲ့လေ့ကျင့်ခဲ့ကြတာပါ။

၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲကတည်းက အပစ်အခတ်ရပ်စဲရေးရဲ့ တစိတ်တပိုင်းအနေနဲ့ လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂ ကွပ်ကဲမှုကနေ မကြုံစဘူး အဖွဲ့ဝင်နိုင်ငံ အများအပြားရဲ့ ပါဝင်မှုကို မြင်တွေ့ခဲ့ရပါတယ်။

အမေရိကန် အထူးစစ်ဆင်ရေး အဖွဲ့ဝင်တယောက်က“ဒီနေ့လုပ်ဆောင်တဲ့ လေကြောင်းစစ်ဆင်ရေး လေ့ကျင့်မှုဟာ အမေရိကန်နဲ့ ကိုရီးယားသမ္မတနိုင်ငံတို့အကြား အထူးစစ်ဆင်ရေး ကွပ်ကဲမှုဖြစ်တဲ့ လေကြောင်းချီ စစ်ဆင်ရေးတခု ဖြစ်လာပါလိမ့်မယ်” လို့ ပြောပါတယ်။

တကယ်တော့ ဒါဟာ အမေရိကန်နဲ့ ကိုရီးယားနှစ်နိုင်ငံကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့နဲ့ အတူတကွ လေ့ကျင့်ဖို့ အခွင့်အလမ်းတခုပေးဖို့ပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မဟာမိတ်တွေဟာ ပဋိပက္ခမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်တယ် ဆိုတာကို သက်သေပြခဲ့ပြီး တောင်ကိုရီးယားဟာ ပထဝီဝင် အနေအထားအရလည်း တခြားမဟာမိတ်တွေနဲ့ လက်တွဲလို့ ကောင်းမွန်တဲ့နိုင်ငံ ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ နျူးလက်နက်တွေနဲ့ သီးသန့်ဆက်စပ်မှုရှိနေတဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်တွေကို တန်ပြန်တဲ့ အစီအစဉ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြုံယမ်းဟာ ဇီဝလက်နက်နဲ့ ဓာတုလက်နက် ပရိုဂရမ်တွေကိုလည်း လုပ်ဆောင်နေတယ်လို့ အမေရိကန် ထောက်လှမ်းရေးဌာနက ပြောထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013