ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ မတ် ၁၄ ရက်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာ သမ္မတရုံးအနီးရှိ ဟိုတယ်တလုံးကို တိုက်ခိုက်သူတွေ စီးနင်းခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ ရိုက်တာသတင်းဌာနကို မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်နေတဲ့ အယ်လ်ရှာဘတ်အဖွဲ့က သူတို့မှာ တာဝန်ရှိကြောင်း ပြောပါတယ်။
မနေ့ညနေပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေအပြီး အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေ စုဝေးရာနေရာဖြစ်တဲ့ Syl Hotel ကို အမည်မသိ တိုက်ခိုက်သူတွေက ဝင်ရောက်စီးနင်းကာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူတို့ကို မှတ်ချက်တောင်းခံဖို့ ချက်ချင်း ဆက်သွယ်နိုင်ခြင်း မရှိပါဘူး။
အယ်လ်ရှာဘတ်အဖွဲ့က ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ သူတို့ရှိနေကြောင်းနဲ့ Syl ဟိုတယ်ကို သူတို့ဝိုင်းထားခဲ့ကြောင်း ပြောထားပါတယ်။
လက်နက်ကိုင် မူဂျာဟစ်ဒင်တွေဟာ ဟိုတယ်ကို ထိန်းချုပ်ထားပြီး ဟိုတယ်အတွင်းရှိ အယူဖောက်ပြန်တဲ့ အစိုးရဝန်ထမ်းတွေနဲ့ အရာရှိတွေကို ပစ်ခတ်နေတာဖြစ်ကြောင်းလည်း အယ်လ်ရှာဘတ်အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်တုန်းကလည်း ဒီဟိုတယ်ကိုပဲ အယ်လ်ရှာဘတ်အဖွဲ့က တိုက်ခိုက်ခဲ့ပါသေးတယ်။
Source/Photo-Reuters