Home
မြန်မာသတင်း
မန္တလေးတွင်  စစ်မှုထမ်းရမည့်သူစာရင်း စတင်ထွက်လာ
DVB
·
March 15, 2024
man 1532024

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်မှာ လူစာရင်းတွေကောက်ပြီး စစ်မှုထမ်းရမယ့်အထဲ ပါဝင်တာမို့ ခရီးမသွားကြဖို့  အုပ်ချုပ်ရေးမှူးတွေက လိုက်ပြောနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ညောင်ကွဲရပ်ကွက်နေ အမျိုးသားတဦးက “ကျနော့်ညီ ပါတယ်ဆိုပြီး အိမ်လာပြောသွားတာ။ စစ်မှုထမ်းပါတယ်။ သင်္ကြန်ပြီးရင် ခေါ်မှာမို့ ဘယ်မှမသွားနဲ့လို့ ပြောသွားတာ။ တအိမ်လုံး အပူတွေနဲ့ ဘာလုပ်ရမှန်း မသိပါဘူးဗျာ” လို့ ပြောပါတယ်။

မတ် ၁၄ ရက် ညနေပိုင်းမှာ ညောင်ကွဲရပ်ကွက်က နေအိမ်အများစုကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက စာရွက်တွေနဲ့အတူ စစ်မှုထမ်းပါကြောင်း လိုက်ပြောတယ်လို့ သိရပါတယ်။

မန္တလေးမြို့ပေါ်က ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်တွေမှာလည်း လူစာရင်းကောက်တာတွေ လုပ်ထားပြီး အခုလို နာမည်စာရင်းနဲ့ အကြောင်းကြားတာမျိုးတော့ မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ချမ်းအေးသာစံမြို့နယ်ထဲရှိ အဆောင်နေတဲ့ အမျိုးသမီးတဦးက“တလနီးပါးရှိပြီ။ နာမည်စာရင်းတော့ အဆောင်ကို လာတောင်းတယ်။ ဘာအလုပ်လုပ်လဲ။ အိမ်ထောင်ရှိလား မေးတယ်။ အခုထိတော့ အကြောင်းကြားတာမျိုး မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်သင်တန်းပေးဖို့ ကျောင်းတွေ အဆင်သင့်ဖြစ်နေကြောင်း ကြေညာအပြီး ရန်ကုန်၊ မန္တလေးမြို့တွေမှာ နာမည်စာရင်း၊ လူစာရင်းတွေနဲ့ စစ်မှုထမ်းခေါ်မယ့် စာရွက်တွေ ပျံ့နှံ့လာပါတယ်။

ဒါပေမဲ့ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမှုကိုတော့ အပတ်စဉ် ၅ မှသာ ခေါ်ယူသွားမယ်လို့ စစ်တပ်တွင်း သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024