Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီတပ် မီးရှို့၊ နေအိမ် ၄၀၀ ကျော် ဆုံးရှုံးပြီး ရုပ်အလောင်း ၆ ခု တွေ့ရှိ
DVB
·
March 15, 2024
Mon-Ywa

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီတပ်က မတ် ၁၄ ရက် ညနေမှာ ဝင်ရောက်လာပြီးနောက် ရွာထဲကနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အခုလက်ရှိအချိန်ထိ မီးလောင်သေဆုံးတဲ့ ရုပ်အလောင်း ၆ လောင်း တွေ့ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်က ကားသုံးစီးနဲ့ဝင်လာပြီး ဘုန်းကြီးကျောင်းမှာရပ်ကာ တွေ့သမျှလူ အကုန်ဖမ်းဆီးခဲ့တာကြောင့် ပြည်သူ ၃၅ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ မုံရွာခရိုင်တပ်ရင်း ၂၈ မှ ရဲဘော်တဦးက ပြောပါတယ်။

“ဘာတိုက်ပွဲမှမရှိဘဲ ကားနဲ့ ရုတ်တရက် ရောက်လာပြီးတော့ အိမ်တွေကို စမီးရှို့တာပါ။ တွေ့သမျှလူလည်း ဖမ်းခေါ်သွားတယ်။ အမျိုးသားတွေ အများကြီးဖမ်းခံရတယ်။ အိမ်တွေကတော့ ၄၀၀ လောက် ပါသွားတယ် ကြားထားတယ်။ ဒီနေ့မနက် ရှင်းလင်းရေးဝင်တော့ အလောင်း ၆ လောင်း တွေ့ထားပြီ၊ ဒီထက်လည်း များနိုင်တယ်။”

သက္ကယ်ကျင်းရွာကို စစ်တပ်မီးရှို့တာကြောင့် နေအိမ်တွေထဲကနေ မပြေးနိုင်တဲ့ အဘိုးအဘွားအိုတွေ မီးလောင်သေဆုံးတာဖြစ်ပြီး လူငယ်အမျိုးသား နှစ်ဦးကိုလည်း မပြေးနိုင်အောင် ရိုက်နှက်ထားတာကြောင့် မီးလောင်သေဆုံးခဲ့တာလို့ သိရပါတယ်။

သက္ကယ်ကျင်းရွာက ပြည်သူ ၃၅ ဦးခန့်ကို စစ်တပ်က သူတို့နဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်က နေအိမ် ၁,၉၀၀ ကျော်ရှိတဲ့ သက္ကယ်ကျင်းရွာကို မီးရှို့ပြီးနောက် ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013