အထိအခိုက်မခံတဲ့ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေ မြင့်နေတဲ့ကြားက ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ ကင်းမဲန်းကျွန်းတွေနားမှာ တိမ်းမှောက်ခဲ့တဲ့ လှေတစင်းကို ကယ်ဖို့ ရှားရှားပါးပါး ပူးပေါင်းကယ်ဆယ်ရေး မစ်ရှင်အဖွဲ့တွေကို ထိုင်ဝမ်နဲ့ တရုတ်တို့က မတ် ၁၄ ရက်မှာ စေလွှတ်လိုက်ပါတယ်။
ကြာသပတေးနေ့ မနက်အစောပိုင်းက ထိုင်ဝမ်အစိုးရ လက်အောက်ခံ တုံးတင်ကျွန်း အနောက်ဘက် ရေမိုင် ၁ ဒသမ ၀၇ မိုင်အကွာမှာ တရုတ်ငါးဖမ်းသင်္ဘောတစင်း နစ်မြုပ်ခဲ့ပြီးတဲ့နောက် နှစ်ဖက်စလုံးက အာဏာပိုင်တွေက ကယ်ဆယ်ရေးလှေတွေကို စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လူနှစ်ဦးသေဆုံးပြီး နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်၊ နှစ်ဦးပျောက်ဆုံးနေဆဲလို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်က ဆက်ပြောခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေက သူတို့ကို အကူအညီတောင်းပြီးတဲ့နောက် ထိုင်ဝမ်က ကမ်းခြေစောင့်သင်္ဘောတွေကို စေလွှတ်ခဲ့တာလို့ အမည်မဖော်လိုသူ အကြီးတန်း ထိုင်ဝမ်အရာရှိတဦးက ပြောပါတယ်။
ထိုင်ဝမ်ကမ်းရိုးတန်းစောင့်ရုံးက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ မီးပြတိုက်တွေ၊ ဆိုင်းဘုတ်တွေ၊ လမ်းအခင်းအကျင်းတွေနဲ့ အရာရှိတွေကိုကြည့်ရင်း ဂြိုဟ်တုမြေပုံတွေနဲ့ တိုက်ဆိုင် နေရာချနိုင်ခဲ့ပါတယ်။
Source/Photo-Reuters