အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်အနေနဲ့ မန်ယူအသင်းဆီပြောင်းရွှေ့မှုရဲ့ နောက်ကွယ်မှာ ဘောလုံးကြောင့်မဟုတ်တဲ့ တခြားလျို့ဝှက်ချက်တွေ ရှိကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
မေဆန်မောင့်ဟာ ပြီးခဲ့တဲ့နွေရာသီက မွေးရပ်မြေကလပ် ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မန်ယူအသင်းဆီကို ပေါင်သန်း ၆၀၊ ၅ နှစ်စာချုပ်သက်တမ်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
မန်ယူအသင်းရဲ့ ကစားသမားတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ရဲ့ အဆိုအရ မေဆန်မောင့် ပြောင်းရွှေ့လာခြင်းနောက်ကွယ်မှာ ဘောလုံးကြောင့်မဟုတ်တဲ့ တခြားသောအကြောင်းရင်းတွေ ရှိကြောင်း ထုတ်ဖော်ပြောပြခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မေဆန်မောင့်ဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် လေးလကြာအနားယူခဲ့ပြီး လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပါတယ်။
လာမယ့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ မေဆန်မောင့် ပြန်လည်ပွဲထွက်ကစားနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောထားပါတယ်။
Source/Photo-Reuters