Home
အားကစား
အင်္ဂလန်လက်ရွေးစင်နည်းပြ ဂွါဒီယိုလာဖြစ်လာနိုင်ဟု ဖာနန်ဒင်ညို သုံးသပ်
DVB
·
March 14, 2024

အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာဖြစ်လာနိုင်တယ်လို့ စီးတီး ကွင်းလယ်ကစားသမားဟောင်း ဖာနန်ဒင်ညိုက ခန့်မှန်းပြောသွားပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးကွင်းလယ်လူ ဖာနန်ဒင်ညိုဟာ လက်ရှိအချိန်မှာ မွေးရပ်မြေကလပ်  အက်သလက်တီကိုပါရာနိုက်စ်အသင်းမှာ ကစားနေဆဲဖြစ်ပါတယ်။

ESPN ဘရာဇီးနဲ့ အင်တာဗျူးမှာ တချိန်မှာ နိုင်ငံ့လက်ရွေးစင်အသင်းတသင်းကို တာဝန်ယူကိုင်တွယ်ပြီး ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ဦးဆောင်ဖို့ ဆန္ဒရှိကြောင်း နည်းပြ ဂွါဒီယိုလာက ပြောခဲ့ဖူးတာပါ။

ဖာနန်ဒင်ညိုကတော့ သူ့ရဲ့နည်းပြဟောင်း ဂွါဒီယိုလာဟာ အင်္ဂလန်နည်းပြ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။

ဂွါဒီယိုလာအနေနဲ့ ဘရာဇီးအသင်းကိုလည်း တာဝန်ယူနိုင်ပေမဲ့ အင်္ဂလန်အသင်းက ပိုပြီးဖြစ်နိုင်ကြောင်း၊ ဂျိုဟန်ခရိုက်ဖ်ကို အားကျတဲ့ ဂွါဒီယိုလာအနေနဲ့ ဟော်လန်အသင်းနဲ့လည်း ဖြစ်နိုင်ကြောင်း ဖာနန်ဒင်ညိုက ဆိုပါတယ်။

ကတ်တလန်နဲ့ စပိန် ပဋိပက္ခကြောင့် စပိန်အသင်းကို တာဝန်ယူမယ်တော့ မထင်မိကြောင်း ဖာနန်ဒင်ညိုက သုံးသပ်သွားပါတယ်။ 

Source/Photo- Action Images via Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024