Home
အားကစား
အက်သလက်တီကိုနှင့် ဒေါ့မွန်အသင်းတို့  ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရောက်
DVB
·
March 14, 2024

မတ် ၁၄ ရက် ဒီမနက်ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေမှာ အက်သလက်တီကိုနဲ့ ဒေါ့မွန်အသင်းတို့ ကွာတားဖိုင်နယ်ကို အသီးသီးတက်ရောက်သွားပါတယ်။

အက်သလက်တီကိုအသင်းဟာ ပထမအကျော့တုန်းက အီတလီကလပ် အင်တာမီလန်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ဒီပိုင်းရဲ့ နောက်ကျဂိုးနဲ့ အတူ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲ ပြန်ယူနိုင်ခဲ့တာပါ။

နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီသရေကျနေလို့ အချိန်ပိုဆက်လက်ကစားခဲ့ရာမှာလည်း အရှုံး ၊ အနိုင်အဖြေမပေါ်တာကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာ အက်သလက်တီကိုက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

တချိန်တည်းမှာ ယှဉ်ပြိုင်သွားတဲ့ ဒေါ့မွန်နဲ့ ပီအက်စ်ဗွီတို့ပွဲစဉ်မှာလည်း  ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်တက်ခဲ့တာပါ။

ဒေါ့မွန်အတွက် ပွဲအစ ၃ မိနစ်ကတည်းက ဆန်ချိုက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးမှာ  မာကိုရွိုက်စ်က အနိုင်သေချာစေမယ့် ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေအားလုံးယှဉ်ပြိုင်ကစားအပြီးမှာ လက်ရှိချန်ပီယံ မန်စီးတီးအပါအဝင် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အာဆင်နယ် အသင်းတို့လည်း ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024