Home
အားကစား
ကစားသမားများကို ရောင်းချမည့်  ချဲလ်ဆီးအသင်း  ပေါင်သန်း ၃၀၀ ခန့် ရရှိနိုင်
DVB
·
March 14, 2024

ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားတွေကို ရောင်းချသွားရဖို့ရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ စတာလင်ပေါင်သန်း ၃၀၀ နီးပါးပြန်လည်ရရှိနိုင်ပါတယ်။

ပိုင်ရှင်သစ် တော့ဘိုလီလက်ထက် ပထမဆုံး တနှစ်တာကာလအတွင်းမှာ ပေါင် ၁၂၁ ဒသမ ၄ သန်း အရှုံးပြခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့အတွက် ကစားသမားတွေကို ရောင်းချပြီး ဖြေရှင်းသွားရမှာပါ။

ပြောင်းရွှေ့ကြေး များများရရှိနိုင်တဲ့ ကစားသမားစာရင်းမှာ ကွင်းလယ်လူ ဂေါ်လဂါနဲ့ စတာလင် တို့လည်းပါဝင်ပြီး သူတို့နှစ်ဦးကနေ ပေါင်သန်း ၁၀၀ ခန့် ရရှိနိုင်တာပါ။

ဒါ့အပြင် အငှားချထားတဲ့ ကစားသမားတွေထဲက တိုက်စစ်မှူး လူကာကူ၊ ဂိုးသမား ကက်ပါ၊ နောက်ခံလူ မက်ဆန်နဲ့ လူဝစ်ဟောလ်  အစရှိတဲ့ သူတွေအတွက် ပေါင် သန်း ၁၄၀ ခန့် ရရှိနိုင် တာပါ။

ဒါ့အပြင် ဖူဟမ်မှာအငှားချထားတဲ့ တိုက်စစ်မှူး ဘရိုဂျာ၊ ဂါလာတာစာရေးဆီအငှားချထားတဲ့ ဇီယက်ချ်၊ နောက်ခံလူတွေဖြစ်တဲ့ ချာလိုဘက်နဲ့ ကူကူရယ်လာတို့ကို ရောင်းချမယ်ဆိုရင် နောက် ထပ်ပေါင် သန်း ၅၀ လောက်ထပ်မံရရှိနိုင်တာ။

ဒီအခြေအနေကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့ ကစားသမားရောင်းချပါက  ပေါင်သန်း ၃၀၀ နီးပါးရရှိနိုင်တာ ဖြစ်ပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013