Home
သတင်းဓာတ်ပုံ
မော်တင်စွန်းကမ်းခြေအနီး  လင်းပိုင် ၁၅ ကောင် ဖမ်းမိ (ဓာတ်ပုံ)
DVB
·
March 13, 2024
lin 1332024
lin 2 1332024
lin 1 1332024

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မော်တင်စွန်းကမ်းခြေအနီးမှာ မတ် ၁၂ ရက်က ပင်လယ်ပျော်လင်းပိုင် ၁၅ ကောင် ငါးဖမ်းပိုက်နဲ့ ဖမ်းဆီးရမိကြောင်း ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

ငပုတောမြို့နယ်၊ မော်တင်စွန်းစေတီအနီး ကြာကန်ကမ်းခြေမှာ မတ် ၁၂ ရက် နေ့လယ် ၂ နာရီက ပင်လယ်ပျော်လင်းပိုင်ငယ် ၁၅ ကောင် ငါးဖမ်းပိုက်နဲ့ ပါလာခဲ့ပါတယ်။

ငါးဖမ်းပိုက်နဲ့ပါလာတဲ့ ပင်လယ်ပျော်လင်းပိုင်တွေကို ပင်လယ်အတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ ကမ်းခြေ ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ အခုလို ပင်လယ်ပျော်လင်းပိုင်များ ငါးဖမ်းပိုက်မှာ ပါလာလေ့မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013