Home
နိုင်ငံတကာ
ဆုန်ကရန်သင်္ကြန်ပွဲတော် ၅ ရက်တာအတွင်း ဘတ် ၂၄ ဘီလီယံကျော်ရရှိရန် ထိုင်းအစိုးရ မျှော်မှန်း
DVB
·
March 13, 2024
Thai world 1332024

ထိုင်းရိုးရာ ဆုန်ကရန်သင်္ကြန်ပွဲတော် ၅ ရက်တာကာလအတွင်း ဘတ်ငွေ ၂၄ ဒသမ ၄ ဘီ လီယံလောက် ရရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင် (တီအေတီ) က ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာလှည့်ခရီးသည်ဦးရေ ၅၁၀,၀၀၀ နဲ့ ပြည်တွင်းခရီးစဉ်ပေါင်း ၄ ဒသမ ၂၉ သန်းအထိ ဆွဲဆောင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ ၂၀၂၄ ခုနှစ် မဟာဆုန်ကရန် သင်္ကြန်ပွဲတော်ကို ရေပက်ကစားကြတဲ့ လှုပ်ရှားမှုတွေနဲ့ ခမ်းခမ်းနားနားကျင်းပပြီး ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်လာဖို့ ဆွဲဆောင်နိုင်ဖို့ စီစဉ်ထားကာ ဧပြီ ၁၂ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမယ့် ဒီပွဲတော်က ဝင်ငွေ ၄၉ ရာခိုင်နှုန်းအထိ တိုးလာနိုင်မယ်လို့ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင် (တီအေတီ) အဖွဲ့ အကြီးအကဲ ထာပနီး ကီရာတ်ဖိုင်ဘူးလ်က ပြောပါတယ်။

ဆုန်ကရန်ပွဲတော် လာရောက်ဆင်နွှဲကြမယ့် ပြည်တွင်းခရီးစဉ်ပေါင်း ၄ ဒသမ ၂၉ သန်းကနေ အကြမ်းဖျင်း ဘတ် ၁၅ ဒသမ ၆ ဘီလီယံနဲ့ ကမ္ဘာလှည့်ခရီးသည် ၅၁၀,၀၀၀ ဆီက ဘတ် ၈ ဒသမ ၇၆ ဘီလီယံထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာပါ။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်အထိ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်  ဒသမ ၄ သန်းထိ ရောက် ရှိလာခဲ့ပြီး ဘတ် ၃၅၉ ဘီလီယံကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံအလိုက် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာတော့ တရုတ်နိုင်ငံက ဧည့်သည်ဝင်ရောက်မှု ၁ ဒသမ ၃၆ သန်းနဲ့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပြီး အဲဒီနောက်မှာတော့ မလေးရှားနဲ့ ရုရှားနိုင်ငံတွေ ရှိနေတာပါ။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013