Home
နိုင်ငံတကာ
NATO စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အဖွဲ့ ယူကရိန်းသို့ ရောက်ရှိနေ
DVB
·
March 13, 2024
Ukarain Nato_13032024

ယူကရိန်းနိုင်ငံထဲမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အကြံပေးတွေ ရောက်နေတဲ့ သတင်းတွေကို ရုရှားလုံခြုံရေးဌာနတွေက ရထားတာ ကြာပြီလို့ ရုရှားသမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က ပြောလိုက်ပါတယ်။

ပိုလန်မီဒီယာတွေက နေတိုးစစ်သားတွေ ယူကရိန်းကို ရောက်နေတဲ့သတင်းကို ကြေညာခဲ့တာနဲ့ ပတ်သက်လို့ မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။

ပဲ့စ်ကို့ဗ်က “စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တချို့ကို ယူကရိန်းဆီလွှတ်ဖို့ စိတ်ကူးသက်သက် အဆင်သင့်ဖြစ်နေတယ်လို့ ကြေညာထားတဲ့ မဟာမိတ်နိုင်ငံတွေက ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးစားတာနဲ့ ဆွေးနွေးပွဲတွေ ချဲ့ထွင်တာတွေဟာ တင်းမာမှုဖြစ်အောင် လှုံ့ဆော်ပေးဖို့ တိုက်ရိုက်ရည်မှန်းတာပါပဲ။ ဒါက အရမ်းအန္တရာယ်များတဲ့ လမ်းကြောင်းပါ။ ကျနော်တို့ ဒီအဖြစ်အပျက်တွေကို သေသေချာချာ စောင့်ကြည့်နေပါတယ်”လို့ ပြောပါတယ်။ 

ယူကရိန်းပိုင်နက်ထဲမှာ တကယ်ရှိနေတဲ့ သူတို့ကိုယ်သူတို့ အကြံပေးတွေအဖြစ် သတ်မှတ်သူတွေ၊ NATO နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ လူတွေရဲ့ သတင်းအချက်အလက်တွေက ကျနော်တို့ရဲ့ လုံခြုံရေးဌာနတွေဆီမှာ တနည်းမဟုတ်တနည်း ရှိနေတယ်ဆိုတာ ခင်ဗျားလည်း သိပါတယ်လို့ ပြောပါတယ်။

Source/Photo-REUTERS/Sofiia Gatilova

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013