အာဂျင်တီးနားအသင်းဟာ ဒဏ်ရာအရှင်းမပျောက်သေးတဲ့ မန်ယူနောက်ခံလူ မာတီနက်ဇ်ကို အသင်းလူစာရင်းမှာ ထည့်သွင်းရွေးချယ်သွားခဲ့ ပါတယ်။
မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ၈ ပတ်လောက် အနားယူရဖို့ရှိနေတာပါ။
လက်ရှိ အချိန်မှာ မန်ယူအသင်းလူစာရင်းမှာလည်း မပါဝင်နိုင်သေးတဲ့ မာတီနက်ဇ်ကို အာဂျင်တီးနားအသင်းက လက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ လာမယ့် နိုင်ငံတကာရက်သတ္တပတ်မှာ အမေရိကန်နိုင်ငံမှာ သွားရောက်ပြီး ခြေစမ်းပွဲတွေကစားမှာပါ။
မတ် ၂၂ ရက်မှာ အယ်ဆာဗေဒို၊ မတ် ၂၆ ရက်မှာ နိုင်ဂျီးရီးယားအသင်းတွေနဲ့ ခြေစမ်းဖို့ စီစဉ်ထားတာပါ။
နောက်ခံလူ မာတီနက်ဇ်ကို လက်ရွေးစင်အသင်းကပြန်လည်ခေါ်ယူတဲ့အပေါ် မန်ယူအသင်းကလည်း လက်ခံသွားမှာဖြစ်ပြီး အသင်းဆီပြန်လာတဲ့ချိန်မှာ ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
Photo-Reuters