မတ် ၁၃ ရက် ဒီမနက်က ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတွေက ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့် တက်လှမ်းသွားပါတယ်။
ဘာစီလိုနာအသင်းဟာ အီတလီကလပ်နာပိုလီနဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုး စီသရေကျခဲ့ပြီး ဒီနေ့မနက် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာလည်း ပထမအကျော့မှာ ပေါ်တူဂီကလပ် ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ နိုင်ပွဲပြန်ရခဲ့တာပါ။
နှစ်ကျော့ပေါင်းရလဒ်တူညီနေလို့ အချိန်ပိုအထိရောက်ခဲ့ပြီး အချိန်ပိုမှာလည်း ဂိုးမရခဲ့ကြတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ အာဆင်နယ်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters