Home
အားကစား
အားကစားဒါရိုက်တာဟောင်းကို စီအီးအိုရာထူးဖြင့်  လီဗာပူးအသင်း ပြန်ခန့်အပ်
DVB
·
March 13, 2024
207264581_509182710316793_5629302450363334137_n

လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာဟောင်း မိုင်ကယ်အက်ဒ်ဝါ့စ်ကို အသင်းရဲ့ စီအီးအို အဖြစ် ပြန်လည်ခန့်အပ်ခဲ့ ပါတယ်။

လီဗာပူးအသင်းကို စီမံခန့်ခွဲနေတဲ့ FSG ဟာ အသင်းရဲ့ စီမံခန့်ခွဲမှုကို အပြောင်းအလဲတခု ပြုလုပ်ခဲ့တာပါ။

စီအီးအိုသစ်ဖြစ်လာတဲ့ အက်ဒ်ဝါ့စ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီတုန်းက အသင်းကနေ ထွက်ခွါသွားခဲ့တာပါ။

သူ့ကိုခေါ်ယူဖို့ ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေကလည်း ကမ်းလှမ်းခဲ့ပေမဲ့ လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အသင်းဟောင်းဆီ ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး အရင်က ရာထူးဖြစ်တဲ့ အားကစားဒါရိုက်တာအနေနဲ့ မဟုတ်ဘဲ တဆင့်မြင့်တဲ့ အမှုဆောင်ရာရှိချုပ် ရာထူးနဲ့ ပြန်လာခဲ့တာပါ။

အက်ဒ်ဝါ့စ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အတွေ့အကြုံရှိသူတဦးဖြစ်ပြီး အရင်ကထက် ပိုမိုမြင့်မားတဲ့ တာဝန်တွေနဲ့ ပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့ လီဗာပူးအသင်းက ထုတ်ပြန်ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်က လီဗာပူးအသင်းမှာ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အားကစားဒါရိုက်တာရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013