လာလီဂါကလပ် ဆယ်တာဗီဂိုအသင်းဟာ စပိန်နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ဘင်နီတက်ဇ်လက်ထက်မှာ လာလီဂါပွဲစဉ် ၁၄ ပွဲ အထိရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းနိုင်တဲ့ အန္တရာယ်ပါရှိလာတာကြောင့် နည်းပြအပြောင်းအလဲလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
နည်းပြဘင်နီတက်ဇ်နဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံးဟာ အသင်းကို အကောင်းဆုံး ရလဒ် ရရှိအောင် စွမ်းဆောင်ခဲ့ပေမဲ့ မျှော်လင့်ထားတဲ့ ရလဒ်မရရှိခဲ့တာကြောင့် အပြောင်းအလဲ လုပ်ဆောင်ခဲ့ရတာဖြစ်ကြောင်း ဆယ်တာဗီဂိုအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အသက် ၆၃ နှစ်ရှိ ဝါရင့်နည်းပြ ဘင်နီတက်ဇ်ဟာ ၂၀၂၂ ခုနှစ်ကမှ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်နဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး ဆယ်တာဗီဂိုအသင်းကို ၈ လတာ ကိုင်တွယ်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ လီဗာပူး၊ အင်တာ၊ ချဲလ်ဆီး၊ နာပိုလီ၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်အသင်းတွေကိုလည်း တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။
Photo-Reuters