မန်စီးတီးဂိုးသမားအီဒါဆန်ဟာ ပေါင်ခြံဒဏ်ရာကြောင့် တလနီးပါးအနားယူရတော့မှာပါ။
လီဗာပူးအသင်းနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပေါင်ကြွက်သားဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းပွဲချိန် ၅၆ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။
အီဒါဆန်ဟာ ဒဏ်ရာကြောင့် ဘရာဇီးအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရသလို မန်စီးတီးအသင်းရဲ့ ပွဲစဉ် ၃ ပွဲလောက်ကိုလည်း လွဲချော်ဖို့ရှိပါတယ်။
အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်အပါအဝင် ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်ကိုလည်း လွဲချော်ဖို့ ရှိပါတယ်။
အီဒါဆန်အနေနဲ့ ဧပြီ ၄ ရက်မှာကစားရမယ့် ဗီလာနဲ့ပွဲစဉ်ကိုလည်း လွဲချော်ဖို့ရှိပြီး အဲဒီနောက်ပိုင်းမှ ပြန်လည်ကစားနိုင်မှာပါ။ သူ့နေရာမှာ ဂျာမနီဂိုးသမား အော်တီဂါက အစားထိုးတာဝန်ယူသွားမှာ ဖြစ်ပါတယ်။
Photo-Reuters