အသင်းရဲ့တည်ဆောက်မှုလမ်းစဉ်ကို ယုံကြည်ကြဖို့ ချဲလ်ဆီးနည်းပြပိုချက်တီနိုက အသင်းသား တွေနဲ့ ပရိသတ်တွေကို တိုက်တွန်းသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက ပွဲစဉ်မှာ နယူးကာဆယ် အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကို အရင်ကနဲ့ ကွဲပြားခြားနားတဲ့ ပုံစံတခုတည်ဆောက်နေပြီး ခက်ခဲမှာဖြစ်ပေမဲ့ ယုံကြည်မှုရှိဖို့ လိုအပ်ကြောင်း နည်းပြပိုချက်တီနိုက ပြောပါတယ်။
နယူးကာဆယ်အသင်းကို အနိုင်ယူခဲ့တဲ့ပွဲစဉ်က ပရိသတ်တွေရဲ့ ဆန္ဒကို ဖြေသိမ့်ပေးနိုင်ခဲ့လို့ အရေးပါတဲ့ နိုင်ပွဲဖြစ်ကြောင်း၊ နောက်တပွဲရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ပြဿနာတခုလို ဖြစ်လာနိုင်ပြီး အရင်ကလို ချဲလ်ဆီးအသင်းဖြစ်သွားနိုင်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။
ပိုချက်တီနိုအနေနဲ့ အသင်းကို စတင်တည်ဆောက်နေဆဲကာလဖြစ်တဲ့အတွက် ရလဒ် မကောင်းဖြစ်လာရင် ပရိသတ်တွေဘက်က နားလည် လက်ခံပေးဖို့ ကြိုတင်မေတ္တာရပ်ခံ သွားခဲ့တာဖြစ်ပါတယ်။
Photo-Reuters