စီရော်နယ်ဒို အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဟာ အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ပထမအကျော့ပွဲစဉ်မှာ ယူအေအီးကလပ် အယ်လ်အိန်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိခဲ့ပေမဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ၃ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်သွားခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ပွဲချိန် ၉၈ မိနစ်မှာ တယောက် အထုတ်ခံခဲ့ရတာကြောင့် အချိန်ပို မိနစ် ၃၀ ကို ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
ပင်နယ်တီအဆုံးအဖြတ်မှာ အယ်လ်နာဆာဘက်က ရော်နယ်ဒို တဦးသာ ဂိုးဝင်ခဲ့ပြီး အသင်းဖော်တွေ ဖြစ်ကြတဲ့ ဘရိုဇိုဗစ်၊ အဲလက်တဲလက်စ်နဲ့ အိုတာဗီအိုတို့က လွဲချော်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Photo-Reuters