Home
မြန်မာသတင်း
စစ်ကောင်စီတပ်သားများ ရှေ့တန်းမထွက်ခင် မာရဝိဇယဘုရား သွားဖူးရ
DVB
·
March 11, 2024
Soldiers01_11032024

ရှေတန်းထွက်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးပြအခမ်းအနားမှာပါတဲ့ စစ်သည်တွေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ စစ်ခေါင်းဆောင်တည်ထားတဲ့ မာရဝိဇယဘုရားကို မတ်လ ၁၀ ရက် မနက်က သွားရောက်ရတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေသာ ဘုရားရှိခိုးပြီး ရင်ပြင်တော်ကို လှည့်လည်လေ့လာရတယ်လို့ တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဘုရားက လူမလာတော့ လာတဲ့သူနဲ့ပဲ တနိုင်ငံလုံးမှာရှိတဲ့ ဂေါပကအဖွဲ့တို့ အငြိမ်းစားဝန်ထမ်းတို့ စာထုတ်ခေါ်နေရတယ်။ အခုလည်း တပ်ကလူတွေကို နေပြည်တော်ကို ဘာကြောင့်ပဲလာလာ မာရဝိဇယကို လာဖူးရတယ်။”

မာရဝိဇယဘုရား လာရောက်သူတွေဟာ ရှေ့တန်းထွက်မယ့်သူတွေရှိသလို ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းမှ အရာရှိစစ်သည်တွေလည်း ပါတယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့က ဘုရားပေါ်က စစ်သားတွေက စစ်ရေးပြစစ်ကြောင်းအတွက် နေပြည်တော်ရောက်နေတဲ့သူတွေ၊ ရှေ့တန်းထွက်မယ့်သူတွေလည်း ပါတယ်၊ အဲ့ထဲမှာ။”

အခုလိုလုပ်တာဟာ စစ်ခေါင်းဆောင်အနေနဲ့ တိုက်ပွဲတွေမှာ အကျအဆုံးနည်းစေဖို့ ယတြာချေတာလည်း ဖြစ်နိုင်တယ်လို့ တပ်အတွင်းဝေဖန်မှုတွေလည်း ရှိပါတယ်။

မာရဝိဇယဘုရားကို စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေသာ လာရောက်ပြီး သာမန်ပြည်သူတွေ လာရောက်မှုနည်းလို့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး နိုင်ငံတဝန်းရှိ ဘုရားဂေါပကတွေ၊ အငြိမ်းစားစစ်မှုထမ်းဟောင်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတချို့ပါ လာရောက်ဖူးရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013