Home
နိုင်ငံတကာ
ဂျာမနီတွင် တက်စ်လာ ကားကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြ
DVB
·
March 11, 2024
Germans’ tempers heat up over Tesla and its planned plant extension

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ရဲ့ မြို့စွန်မှာ ဆန္ဒပြသူ အယောက် ၁,၀၀၀ လောက် မတ်လ ၁၀ ရက်မှာ စုရုံးခဲ့ကြပြီး အမေရိကန် လျှပ်ကားကုမ္ပဏီ တက်စ်လာကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။

ကားထုတ်လုပ်ရေးကို ထိခိုက်စေမယ့် လျှပ်စစ်ဖြန့်ဖြူးရေးကို ဖြတ်တောက်ခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု အပြီး ရက်ပိုင်းအတွင်း ခုလို ဆန္ဒပြတာပါ။

မတ်လ ၅ ရက်မှာ လက်ဝဲစွန်း အုပ်စုဝင်တွေက တက်စ်လာရဲ့ ဂျာမန်စက်ရုံနားက လျှပ်စစ် တာဝါတိုင်ကို မီးရှို့တိုက်ခိုက်ခဲ့လို့ စက်ရုံအတွင်း လျှပ်စစ်ဖြန့်ဖြူးမှုက လာမယ့် သီတင်းပတ်အထိ ပြတ်တောက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သီတင်းတပတ်ကို ကားစီးရေ ၁,၀၀၀ ထုတ်လုပ်မှု အနှောင့်အယှက် ဖြစ်ခဲ့ပြီး စက်ရုံဝန်ထမ်း အယောက် ၁၂,၅၀၀ လောက် သောင်မတင် ရေမကျ ဖြစ်ခဲ့ရပါတယ်။ ဒီအတွက် စက်ရုံမှာ ယူရိုငွေ သန်းရာချီ ဆုံးရှုံးခဲ့ရပါတယ်။

အလုပ်သမားသမဂ္ဂတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပင်လယ်နီအတွင်း ဟူသီတွေက ရေကြောင်းတိုက်ခိုက်မှုကြောင့် ဥရောပမှာ ကားထုတ်လုပ်မှု ခရီးလမ်း ကြမ်းတမ်းနေတဲ့ တက်စ်လာအတွက် နောက်ဆုံးအနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။

ဥရောပက အကြီးဆုံးစီးပွားရေးနိုင်ငံ ဂျာမနီမှာ တက်စ်လာက တနှစ်ကို ကားစီးရေ ငါးသိန်း ထုတ်လုပ်ဖို့ သူ့ရဲ့ ကားထုတ်လုပ်ရေးစက်ရုံကို တိုးချဲ့ဖို့ ရည်မှန်ထားတာပါ။

ဒီအတွက် သစ်ပင်တွေကို ခုတ်လှဲမယ့်အရေးမှာ ဒေသခံတွေက ဟန့်တားထားလို့ လုပ်ငန်းလမ်းကြောင်း ပိတ်ဆို့နေပါတယ်။

တက်စ်လာဟာ ဥရောပဈေးကွက်ကို လွှမ်းမိုးနိုင်ရေးအတွက် ဘက်ထရီ ၁၀၀ Gigawatt Hours ထုတ်လုပ်ဖို့နဲ့ တနှစ်ကို ကားစီးရေ တသန်း ထုတ်လုပ်ဖို့ သူ့ရဲ့စက်ရုံကို ၂ ဆ တိုးချဲ့ချင်နေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013