အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမားတြားပြည်နယ်မှာ မိုးသည်ထန်စွာရွာသွန်းတာကြောင့် ရေကြီးမြေပြိုခဲ့ပြီး အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မတ်လ ၁၀ ရက်မှာ ပြောပါတယ်။
လူ ၇၀,၀၀၀ လောက် ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပြီး လူ ၇ ဦး ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။
မတ်လ ၇ ရက်ကစပြီး မိုးသည်းထန်မှုကြောင့် ပြည်နယ်မြို့တော် ပါဒန်နဲ့ တခြားနေရာ ရှစ်ခုမှာ နေအိမ်အလုံး ၇၀၀ ကျော်၊ တံတားတွေ၊ ကျောင်းတွေနဲ့ လယ်မြေတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မြေပြိုပြီး လမ်းတွေပိတ်ကုန်တဲ့အတွက် ကယ်ဆယ်ရေးမှာ နှောင့်နှေးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
တောင်ပိုင်းကမ်းရိုးတန်းဧရိယာက အထိနာဆုံးဖြစ်ပြီး အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ အဗ္ဗဒူလ်မာလစ်က ပြောပါတယ်။
အိုးအိမ်စွန့်ခွာရသူတွေအတွက် ယာယီခိုလှုံစရာတွေ မဆောက်လုပ်ရသေးတဲ့အတွက် အနားက ဗလီတွေမှာပဲ ခိုလှုံနေရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
Source/Photo-Reuters