Home
နိုင်ငံတကာ
ပါလက်စတိုင်းပြည်သူများအတွက် အမေရိကန်နှင့် ဂျော်ဒန်က စားစရာများ လေထီးဖြင့်ချပေး
DVB
·
March 11, 2024
US Jordan GazaAid_11032024

အမေရိကန်နဲ့ ဂျော်ဒန်အစိုးရတို့ဟာ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီအသစ်တွေကို မတ်လ ၁၀ ရက်မှာ ဆောင်ရွက်နေပြီး စားစရာအထုပ်ပေါင်း ၁၁,၅၀၀ ကျော်ကို လေထီးနဲ့ ချပေးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဂါဇာက အစ္စရေးရဲ့ထိုးစစ်ကို အမေရိကန်က ထောက်ခံပြီး လူ ၂ ဒသမ ၃ သန်းရဲ့ အများစုက အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရတဲ့အတွက် စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေ အသည်းအသန် ပြတ်လပ်နေပါတယ်။

ဂါဇာမြောက်ပိုင်းမှာ ခုနောက်ဆုံး လေထီးနဲ့ ချပေးခဲ့တဲ့ အကူအညီတွေထဲမှာ ဆန်၊ ဂျုံနဲ့ စည်သွပ်ဘူးတွေ ပါတယ်လို့ အမေရိကန်စစ်တပ် အလယ်ပိုင်းစစ်တိုင်းက ပြောပါတယ်။

အမေရိကန်ဟာ ဒီလထဲမှာ စားစရာအထုပ်ပေါင်း ၁၃၅,၀၀၀ ကို လေထီးနဲ့ ချပေးခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က သတင်းအချက်အလက်တွေက ဆိုပါတယ်။

ဂါဇာဆီ ပင်လယ်လမ်းကြောင်းကနေ အကူအညီတွေ ပေးပို့ဖို့ ယာယီဆိပ်ကမ်း အမြန်ဆောက်ဖို့ကိုလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမိန့်ပေးခဲ့ပါတယ်။

ဒီအတွက် အချိန် ရက် ၆၀ ကြာနိုင်တယ်လို့ ပင်တဂွန်က ပြောပြီး ဒါဟာ အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေတဲ့ ဒေသအတွက် သိပ်ကြာလွန်းတယ်လို့ အကူအညီပေးရေး အုပ်စုတွေက ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013