ဂါဇာက ဒဏ်ရာရကလေးတွေကို တင်ဆောင်လာတဲ့ အီတလီစစ်လေယာဉ်တစီးဟာ အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုကနေ မတ်လ ၁၀ ရက်မှာ ပျံတက်လာခဲ့ပါတယ်။
အီတလီလေတပ်က C-130J လေယာဉ်ဟာ ကလေး ၁၄ ယောက်၊ လူကြီး ၈ ယောက်နဲ့ တခြားလူ ၂၃ ယောက် အပါအဝင် စုစုပေါင်း လူ ၄၅ ယောက်ကို တင်ဆောင်လာခဲ့တာပါ။
ဒဏ်ရာရ ကလေးတွေကို အီတလီနိုင်ငံက ကလေးဆေးရုံမှာ ကုသပေးမှာ ဖြစ်ပါတယ်။ အသက်အငယ်ဆုံးလူနာက လေးလအရွယ် အေဇယ် ဖြစ်တယ်လို့ အီတလီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို အီတလီလေတပ်ဝန်ထမ်းတွေ၊ စစ်ဘက်ဆေးတပ်က အရာရှိတွေက ဆောင်ရွက်ခဲ့တာလို့လည်း ပြောပါတယ်။
အီတလီဟာ ဂါဇာကမ်းမြောင်မှာ လေယာဉ်နဲ့သယ်ရမယ့် လူသားချင်းစာနာမှုဆိုင်ရာ ပစ္စည်းတွေ ဖြန့်ဖြူးရေး ဖြစ်နိုင်ခြေကို တွက်ချက်အကဲဖြတ်နေပြီး အခြေအနေက ခွင့်ပြုသမျှ အမြန်ဆုံး အချိန်အတွင်း အီတလီ ရွေ့လျားစစ်ဆေးရုံအဖွဲ့ကို စေလွှတ်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ လူသားချင်းစာနာမှု အကူအညီတွေကို ပင်လယ်ရေကြောင်း စင်္ကြံကနေ ပေးပို့ရေး လုပ်ငန်းစဖို့ မျှော်လင့်တယ်လို့ အီတလီ ကာကွယ်ရေးဌာနက ကြေညာချက်ထုတ်ထားပါတယ်။
Source/Photo-Reuters