Home
နိုင်ငံတကာ
ဂါဇာတွင် ယာယီဆိပ်ခံတံတားဆောက်ရန် အမေရိကန်စစ်သင်္ဘော ထွက်ခွာ
DVB
·
March 10, 2024
Humanitarian aid leaves from the United States to Gaza

ဂါဇာကမ်းရိုးတန်းမှာ ယာယီဆိပ်ခံတံတား တည်ဆောက်ဖို့ ပစ္စည်းကိရိယာတွေ သယ်ဆောင်လာတဲ့ အမေရိကန်စစ်သင်္ဘောဟာ အရှေ့အလယ်ပိုင်းကို ဦးတည်ထွက်ခွာလာပြီ ဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။ 

ဂျန်နရယ်ဖရန့်အက်စ်ဘက်ဆန် လို့ အမည်ပေးထားတဲ့ ထောက်ပံ့ရေးသင်္ဘောဟာ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ စစ်စခန်းကနေ မတ် ၉ ရက်မှာ ထွက်ခွာလာတာ ဖြစ်ပါတယ်။ 

ဂါဇာကို ပင်လယ်ရေကြောင်းကနေ အကူအညီတွေပေးပို့ဖို့ ရေပေါ်ဆိပ်ကမ်းတခု ဆောက်ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့အပြီးမှာ အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။ 

ဂါဇာကမ်းမြောင်မှာ အငတ်ဘေးဆိုက်နေပြီး ကလေးတွေ ငတ်သေကုန်ပြီလို့ ကုလသမဂ္ဂက သတိပေးခဲ့အပြီးမှာ စစ်ပွဲကို ရပ်လို့လည်းမရတဲ့အဆုံး ရတဲ့နည်းနဲ့ အကူအညီပေးဖို့ နိုင်ငံတကာက စဉ်းစားလာတာ ဖြစ်ပါတယ်။ 

ဂါဇာကို မြေပြင်လမ်းကြောင်းကရော၊ လေကြောင်းကပါ အကူအညီပို့ရတာ အဆင်မပြေတဲ့အတွက် ရေကြောင်းကိုသုံးဖို့ ဥရောပသမဂ္ဂရော အမေရိကန်ပါ စီမံလာတာ ဖြစ်ပါတယ်။ 

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရတော့ ဆိပ်ခံတံတားဆောက်ဖို့ အမေရိကန်စစ်သည် ၁,၀၀၀ လိုအပ်မှာဖြစ်ပြီး ရက် ၆၀ ကြာမယ်လို့ ဆိုပါတယ်။ 

အဲဒီစစ်သည်တွေဟာ ဂါဇာမြေပေါ် လုံးဝခြေမချဘဲ ဒီတံတားကို ရအောင်ဆောက်မှာလို့လည်း ဆိုပါတယ်။ ပရဟိတအဖွဲ့တွေကတော့ ဂါဇာမှာ ငတ်နေတဲ့သူတွေက ဒီလောက်ကြာအောင် စောင့်နိုင်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013