အာဏာရညွန့်ပေါင်းအဖွဲ့ရဲ့ ထောက်ခံမှုရထားတဲ့ ပါကစ္စတန် သမ္မတဟောင်း အဆစ်ဖ်အလီဇာဒါရီ ဟာ မတ် ၉ ရက်မှာ ပါလီမန်နဲ့ ဒေသဆိုင်ရာလွှတ်တော်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ဒုတိယအကြိမ် သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရပါတယ်။
ညွန့်ပေါင်းအဖွဲ့တွင်း သဘောတူညီမှုအရ PML-N ပါတီက ရှာဘက်ဇ်ရှရစ်ဖ်က ဝန်ကြီးချုပ်နေရာ ယူပြီး၊ PPP ပါတီက ဇာဒါရီက သမ္မတနေရာယူတာ ဖြစ်ပါတယ်။
မဲပေးရွေးချယ်မှုမှာ ဇာဒါရီက ၄၁၁ မဲ ရခဲ့ပြီး အမျိုးသားရေးဝါဒီ မာမွတ်ခန် အချက်ဇာအိ က ၁၈၁ မဲ ရခဲ့ပါတယ်။
ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းရဲ့ အင်အားစုက အချက်ဇာအိ ကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန်မှာ ဝန်ကြီးချုပ်ကသာ အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သမ္မတရာထူးဟာ ဂုဏ်ပြုခံသဘောသာ ရှိပေမဲ့ တပ်မတော်ရဲ့ စစ်သေနာပတိချုပ်လည်း ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ ခင်ပွန်းဖြစ်သူ ဇာဒါရီဟာ ဇနီးသည် ဆန္ဒအတိုင်း နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ ၂၀၀၈ ကနေ ၂၀၁၃ အထိ သမ္မတ တာဝန်ယူခဲ့ပါတယ်။
ဇာဒါရီဟာ အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကနေ ၂၀၀၄ ခုနှစ်အတွင်း တဆက်တည်းမဟုတ်တဲ့ ထောင်ဒဏ်စုစုပေါင်း ၁၁ နှစ်အထိ ကျခံခဲ့ရဖူးပါတယ်။
Source/Photo-Reuters/Khursheed