ဂါဇာကမ်းမြောင်ကို မတ် ၈ ရက်က လေယာဉ်နဲ့ ကြဲချခဲ့တဲ့ ရိက္ခာထုပ်ကြီး တခုဟာ လေထီး မပွင့်တဲ့အတွက် လူအုပ်ပေါ်ပိပြီး ငါးဦး သေဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အထုတ်ပိတဲ့ကိစ္စကို မျက်မြင်သက်သေတွေနဲ့ ဂါဇာကျန်းမာရေးဌာနက အတည်ပြုခဲ့ပြီး ဘယ်နိုင်ငံက ကြဲချပေးတဲ့အထုပ်မှာ ပြဿနာဖြစ်ခဲ့တာလည်းဆိုတာတော့ မသိရသေးပါဘူး။
လက်ရှိမှာ အငတ်ဘေးဆိုက်နေတဲ့ ဂါဇာကို အမေရိကန်၊ ဂျော်ဒန်၊ အီဂျစ်၊ ပြင်သစ်၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတွေက လေကြောင်းကနေ အသင့်စား အစားအသောက်တွေ ကြဲချပေးနေတာ ဖြစ်ပါတယ်။
ဂျော်ဒန်လေယာဉ်က ကြဲတဲ့အထုပ်မှာဖြစ်တာလို့ သတင်းတွေ ထွက်နေတာနဲ့ပတ်သက်ပြီး ဂျော်ဒန် ဘက်ကတော့ ငြင်းပါတယ်။
အမေရိကန်ကလည်း သူတို့ ကြဲတဲ့အထုပ်တွေအကုန် ဘေးကင်းရန်ကင်း မြေပေါ်ရောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက်တွေမှာ တက်လာတဲ့ ဗီဒီယိုဖိုင်မှာတော့ အယ်လ်ရှာတီအရပ်မှာ C-17 အမျိုးအစား လေယာဉ်နဲ့ ကြဲချတဲ့ အထုပ်တွေထဲက တထုပ်ဟာ လေထီးမပွင့်ဘဲ အရှိန်နဲ့ ပြုတ်ကျလာပုံကို တွေ့ရပါတယ်။
Source/Photo - Reuters