Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်ရှိ အကြီးဆုံးပြည်သူ့စစ်စခန်းကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်
DVB
·
March 9, 2024
Kia 932024

ကေအိုင်အေ ပူးပေါင်းတပ်တွေရဲ့ ကချင်ပြည်နယ်ထိုးစစ်အတွင်း မတ်လ ၈ ရက် မနေ့ နေ့လယ်ပိုင်းက ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို   ကချင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ 

အောင်မြေ ၁ ကျေးရွာ က လီဆူပြည်သူ့စစ်တွေ စခန်းချတပ်စွဲထားတဲ့ အင်လုန်ခ (Nlung Hka) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံအမျိုးသားတဦးက “အင်လုန်ခ တံးတား တဘက်ခြမ်းကနေ ပြည်သူ့စစ်စခန်းကို လှမ်းပစ်ပြီး ဒီနေ့ (မတ် ၈ ရက်) နေ့လယ် ၁ နာရီလောက်မှာ စခန်းသိမ်းနိုင်သွားတယ်"လို့ ပြောပါတယ်။

ကေအိုင်အေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ပြည်သူ့စစ်စခန်းဟာ လီဆူပြည်သူ့စစ်ခေါင်းဆောင်  ဦးရွှေမင်း ဦးဆောင်ဖွဲ့စည်းထားတဲ့ ဝိုင်းမော်မြို့နယ်က အကြီးဆုံး ပြည်သူ့စစ်တပ်စခန်း ဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လီဆူပြည်သူ့စစ်အဖွဲ့ကို မတ်လ ၇ ရက် မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ် ခါးရှိကျေးရွာအနီး ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းအပါအဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013