ဟူသီသူပုန်တွေ ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တစီးဟာ အေဒင်ပင်လယ်ကွေ့မှာ နိုင်ငံပေါင်းစုံက သင်္ဘောသားတွေပါတဲ့ ကုန်သင်္ဘောတစီးကို ထိမှန်ခဲ့လို့ လူ ၃ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်စစ်တပ်က မတ်လ ၆ ရက်မှာ ပြောပါတယ်။
ဒုံးကျည်ကြောင့် သင်္ဘောမှာ သိသိသာသာ ပျက်စီးခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်းက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် သင်္ဘောသား ၂ ဦး သေဆုံးတယ်လို့ ဗြိတိန်နဲ့ အမေရိကန် အရာရှိတွေက အစောပိုင်းမှာ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန်စစ်တပ်က ဒေသတွင်းမှာ အမေရိကန် ရေတပ်သင်္ဘောတွေနဲ့ ကုန်သင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့ ယီမင်နိုင်ငံထဲက ဟူသီတွေ ထိန်းချုပ်ထားတဲ့ ဒေသတွင်းမှာ မောင်းသူမဲ့လေယာဉ် ၂ စီးကို ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ပစ်ခတ်မှုတွေ အောင်မြင်သလား ဆိုတာကိုတော့ အမေရိကန် အလယ်ပိုင်းစစ်တိုင်းက မပြောခဲ့ပါဘူး။
နိုင်ငံတကာ သင်္ဘောလမ်းကြောင်းကို တိုက်ခိုက်မှုအတွက် ယီမင်နိုင်ငံထဲက ဟူသီတွေ တာဝန်ခံရအောင် ဆက်လုပ်မယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မက်သယူး မီလာက မတ်လ ၆ ရက်မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters