Home
နိုင်ငံတကာ
ဘရာဇီးတွင် ရဲတပ်ဖွဲ့လေယာဉ် ပျက်ကျပြီး အနည်းဆုံး ၂ ဦးသေဆုံး
DVB
·
March 7, 2024
Brazil Federal Police plane crashes, leaves 2 dead

ဘရာဇီးနိုင်ငံ၊ ဘဲလ်ဟိုရစ်ဇုန်တေမြို့၊ ပမ်ပူလ်ရာလေဆိပ်မှာ မတ် ၆ ရက်က ဖက်ဒရယ် ရဲတပ်ဖွဲ့လေယာဉ် ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဖက်ဒရယ်ရဲတပ်ဖွဲ့ ပြောကြားချက်အရ သိရပါတယ်။

မွန်းလွဲ ၂ နာရီ ၂၇ မိနစ်မှာ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့လို့ စစ်မီးသတ်သင်တန်းကျောင်းက တပ်မကြီးနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးတဲ့ စစ်တပ်က အရင်ဆုံး တုံ့ပြန်ရောက်ရှိခဲ့တယ်လို့ မီနာ့စ်ဂျဲရိုင်စ်ပြည်နယ် စစ်တပ်မီးသတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး ဘားဆဲလ်လော့စ်က ပြောပါတယ်။

မီးသတ်စစ်သားတွေဟာ လေယာဉ်ပျက်ကျမှုကြောင့် မီးလောင်ကျွမ်းမှုမှ မီးတောက်တွေကို ငြှိမ်းသတ်နိုင်ရေးနဲ့ ဒုက္ခသည်တွေအတွက် ဆေးရုံမရောက်ခင် အကြိုစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့အဖွဲ့တွေ ရောက်တဲ့အခါမှာ ၂ ဦး သေဆုံးသွားကြောင်း၊ တတိယတဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်ပြီး မြို့တွင်းရှိ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒုဗိုလ်ချုပ်ကြီး ဘားဆဲလ်လော့စ်က ပြောပါတယ်။

အသက်ရှင်တဲ့ တတိယမြောက် အမှုထမ်းဟာ ပြင်ပကုမ္ပဏီတခုမှ စက်ပြင်တဦး ဖြစ်ကြောင်းလည်း ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဘရာဇီးနိုင်ငံ ဖက်ဒရယ်ရဲတပ်ဖွဲ့က သေဆုံးသူတွေအတွက် ၃ ရက်ကြာ ဝမ်းနည်းပူဆွေးခြင်း ကာလကို ကြေညာခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024