ကရင်ပြည်နယ်၊ မြဝတီခရိုင်တောင်ဘက် ဝေါ်လေမြိုင်နဲ့ကပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ် တောတွင်း တနေရာမှာ တွေ့ရှိတဲ့ ဘိန်းစိုက်ခင်း တဧကကို ထိုင်းအာဏာပိုင်တွေက မတ် ၇ ရက်မှာ ဖျက်ဆီး လိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင် မြို့နယ် ၅ မြို့နယ်မှာ တောမီးလောင်မှုကို စစ်ဆေးရာက တောတွင်းအစပ်မှာ ဘိန်းစိုက်ခင်းကို တွေ့ရှိခဲ့ပြီး ဖျက်ဆီးလိုက်တာလို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ဝေါ်လေမြို့ ဆုံဆည်းမြိုင်၊ ဖလူးဒေသတွေမှာ DKBA နဲ့ တခြားကရင်လက်နက်ကိုင်တွေ ပူးပေါင်းပြီး မူးယစ်ဆေးပပျောက်ရေး စစ်ဆေးဖမ်းဆီးတာတွေ မကြာခဏ လုပ်လေ့ ရှိပါတယ်။
အခုဖျက်ဆီးလိုက်တဲ့ ဘိန်းခင်းနဲ့ပတ်သက်လို့ ထိုင်းနဲ့ မြန်မာ ပူးပေါင်းပြီး စိုက်ခင်းပိုင်ရှင် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။