Home
နိုင်ငံတကာ
နယူးဒေလီမြို့တော်ကို ဆန္ဒပြသူများ ချီတက်လာသဖြင့် လုံခြုံရေးတိုးမြှင့်
DVB
·
March 7, 2024
Security India_07032024

အိန္ဒိယနိုင်ငံမှာ ကောက်ပဲသီးနှံစျေးနှုန်းတွေ တိုးမြှင့်ရေး တောင်းဆိုဖို့ သပိတ်ခေါင်းဆောင်တွေက ဆန္ဒပြသူတွေ မြို့တော် နယူးဒေလီမှာ ဆုံစည်းဖို့ ဆော်ဩချက်နဲ့အတူ ချီတက်လာနေလို့ မြို့တော်မှာ လုံခြုံရေးကို တိုးမြှင့်ချထားပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံပြည့် ဆင်ယင်ထားတဲ့ လုံခြုံရေးအရာရှိတွေက သံဆူးကြိုးတွေ၊ သဲအိတ်တွေ ကာရံထားတဲ့ နေရာကနေ လမ်းသွားလမ်းလာတွေနဲ့ ယာဉ်မောင်းတွေကို သတိနဲ့ စောင့်ကြည့်နေပါတယ်။

ဆန္ဒပြသူတချို့က ခရီးဝေးကြောင့် နယူးဒေလီအထိ ရောက်လာနိုင်မယ် မထင်ဘူးလို့ အိန္ဒိယ လယ်သမားသမဂ္ဂခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က အများစုဖြစ်တဲ့ ထောင်ချီတဲ့ လယ်သမားတွေဟာ ဒေလီကိုသွားစို့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒေလီချာလို့ လို့ခေါ်တဲ့ ချီတက်ပွဲကို အရင်လက စခဲ့တာပါ။ သူတို့ထုတ်ကုန်တွေအတွက် ပိုမြင့်တဲ့ အာမခံချက်ရှိတဲ့ ဈေးနှုန်းကို တောင်းဆိုနေကြပါတယ်။

ဒါပေမဲ့ သူတို့ဟာ မြို့တော်ရဲ့ မြောက်ပိုင်း ၁၂၅ မိုင်အကွာမှာ ရဲတွေက ဟန့်တားတာကို ခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် နရင်ဒြာမိုဒီက တတိယသက်တမ်းအတွက် ဝင်ပြိုင်မယ့် ပြည်လုံးကျွတ် ရွေးကောက်ပွဲ မတိုင်ခင် သီတင်းပတ်တွေအလိုမှာ ဆန္ဒပြပွဲတွေ ပေါ်လာခဲ့တာပါ။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013