ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးသမားတွေရဲ့ လုပ်ရပ်ဟာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကြီးဆုံး အဖျက်သဘောဆောင်တဲ့ အကြောင်းရင်းခံပဲလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မတ်လ ၇ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံခွင့်လွှတ်သူတွေ ရှိနေသေးရင် တရုတ်ရဲ့ အချုပ်အခြာကို စိန်ခေါ်နေတာပဲလို့လည်း ဝမ်ယိက မြို့တော် ပေကျင်းမှာ နှစ်စဉ်ကျင်းပနေကျ လွှတ်တော်အစည်းအဝေးနဲ့ ဆက်စပ်ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်လို့ တရုတ်က ရှုမြင်ကာ ထိုင်ဝမ်အစိုးရရဲ့ ကန့်ကွက်ချက်ကို လျစ်လျူရှုထားပြီး ထိုင်ဝမ်အပေါ်လည်း နိုင်ငံရေးနဲ့ စစ်ရေးဖိအားတွေ ပိုတိုးပေးနေပါတယ်။
ထိုင်ဝမ်ရဲ့ သမ္မတသစ်အဖြစ် ရွေးကောက်ခံ လက်ရှိ ဒုသမ္မတ လိုင်ချင်းတယ်ကိုလည်း အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားအဖြစ် တရုတ်ပြည်မကြီးအစိုးရက ခေါ်ပါတယ်။
လိုင်ကတော့ တရုတ်နဲ့ဆွေးနွေးဖို့ ထပ်ခါတလဲလဲ ကမ်းလှမ်းခဲ့ပေမဲ့ တရုတ်က ပယ်ချခဲ့ပါတယ်။
Source/Photo-Reuters