Home
နိုင်ငံတကာ
စစ်ပွဲအတွက် အဆင်သင့်ဖြစ်အောင် အမြင့်ဆုံးပြင်ဆင်ထားရန် ကင်မ်ဂျုံအန်း အမိန့်ပေး
DVB
·
March 7, 2024
North Korean leader Kim Jong Un inspects field training of troops in the western region of the country

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံအနောက်ပိုင်းရှိ အဓိကစစ်စခန်း တခုမှာ တပ်ဖွဲ့ဝင်တွေ ကွင်းဆင်းလေ့ကျင့်မှုကို မတ် ၆ ရက်က စစ်ဆေးခဲ့ပြီး စစ်ပွဲအတွက် အဆင်သင့်ဖြစ်အောင် အမြင့်ဆုံးပြင်ဆင်ထားဖို့ အမိန့်ပေးခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာ လက်ရှိအခြေအနေရဲ့ လိုအပ်ချက်တွေနဲ့အညီ စစ်ပွဲပြင်ဆင်မှုတွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ အထွတ်အမြတ်နေ့သစ်မှာ အင်တိုက်အားတိုက် ဆောင်ရွက်ရမယ်လို့ မှာကြားခဲ့ကြောင်း KRT က ဖော်ပြပါတယ်။

ကင်မ်ဂျုံအန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို တိုက်ရိုက်ရည်ညွှန်း ပြောဆိုခြင်း ရှိ မရှိကို KRT သတင်းဖတ်ကြားသူကတော့ မဖော်ပြထားပါဘူး။

ခေါင်းဆောင် ကင်မ်ဟာ တကယ့်စစ်ပွဲ အခြေအနေအတိုင်း တုပထားတဲ့ အခြေအနေတွေ အောက်မှာ တကယ့်တိုက်ခိုက်မှုတွေကို လေ့ကျင့်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ကြည့်ရှုစစ်ဆေးခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။

တည်နေရာကို မဖော်ပြထားတဲ့ အဲဒီအခြေစိုက်စခန်းကို ခေါင်းဆောင် ကင်မ်ရဲ့ ခရီးစဉ်ဟာ မနှစ်ကနဲ့ယှဉ်ရင် တပ်ဖွဲ့ဝင်အရေအတွက် ၂ ဆ တိုးထားတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်က တောင်ကိုရီးယားမှာ စတင်ခဲ့အပြီးမှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013