အသင်းရဲ့အဓိက ကစားသမားဖြစ်သူ မိုဆာလာ ပြန်လည်ကစားနိုင်တဲ့အပေါ် အလွန်ကျေနပ်မိ ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောသွားပါတယ်။
ဆာလာဟာ အာဖရိကဖလားပြိုင်ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရပြီး အသင်းရဲ့ ပွဲစဉ်အတော် များများကိုလွဲချော်ခဲ့တာပါ။
ဒါပေမဲ့ လီဗာပူးအသင်းက ရလဒ်ကောင်းမွန်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အဆင့်တစ် နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။
စပါတာပရပ်ဂ်နဲ့ ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်မှာ ဆာလာ ပြန်လည်ပါဝင်ကစားမှာဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာလည်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း ကလော့ပ်ကပြောပါတယ်။
အသင်းအတွက် အလွန်အရေးပါတဲ့ ကာလမှာ ဆာလာ ဒဏ်ရာထပ်မရစေဘဲ ဂရုစိုက်သွားရ မှာဖြစ်သလို ဆာလာကိုယ်တိုင်လည်း ဂရုစိုက်ကစားဖို့လိုအပ်မှာဖြစ်ကြောင်း ကလော့ပ်က ပြော သွားပါတယ်။
Photo-Reuters