Home
အားကစား
မန်ယူနည်းပြတန်ဟတ်ဂ်နေရာအတွက် ဒီဇာဘီနှင့် ဆောက်ဂိတ်တို့ ရေပန်းစား
DVB
·
March 7, 2024
couch 732024

မန်ယူအသင်းနည်းပြတန်ဟတ်ဂ်နေရာအတွက် ဘရိုက်တန်နည်းပြဒီဇာဘီနဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်တို့ ရေပန်းစားလာပါတယ်။

မန်ယူအသင်းဟာ လက်ရှိဘောလုံးရာသီမှာ ရလဒ်မကောင်းဖြစ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အခွင့်အလမ်းနည်းပါးနေပြီဖြစ်တာကြောင့် နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာလည်း ဝေဝါးလာခဲ့တာပါ။

မန်ယူအသင်းတာဝန်ရှိသူတွေဟာ ရာသီသစ်မှာ ခန့်အပ်ဖို့ နည်းပြသစ်တဦး ရှာဖွေနေပြီး ဘရိုက်တန်နည်းပြ ဒီဇာဘီနဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်တို့ ရေပန်းစားလာခဲ့တာပါ။

နည်းပြဒီဇာဘီဟာ ဘရိုက်တန်နဲ့ စာချုပ်သက်တမ်းကျန်သေးပေမဲ့ ယူနိုက်တက်အနေနဲ့ စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူနိုင်ကြောင်း ESPN သတင်းမှာ ဖော်ပြပါတယ်။

အလားတူ နည်းပြဆောက်ဂိတ်ဟာလည်း လာမယ့် ဒီဇင်ဘာလမှာ အသင်းနဲ့ စာချူပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက်ဘက်က ခေါ်ယူနိုင်ကြောင်း ဖော်ပြပါတယ်။

အလားတူ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ဟာလည်း ယူနိုက်တက်အသင်းရဲ့လျာထားစာရင်းမှာ ပါဝင်နေပါတယ်။

Photo-: Action Images via Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024