Home
မြန်မာသတင်း
ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ
DVB
·
March 6, 2024
Pharrkant_06032024
Phakant-city1_06032024
Phakant-city3_06032024
Phakant-city2_06032024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ် ၅ ရက် ညက ကျောက်စိမ်းကုမ္ပဏီဝန်ထမ်း အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဆိပ်မူကျေးရွာအုပ်စု၊ ကောင်ဆန်ကျေးရွာမှာရှိတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်အတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပြီး ဝန်ထမ်းအမျိုးသား ၂ ဦးကို ဖမ်းဆီးသွားတာလို့ ရေမဆေးကျောက်ရှာဖွေသူတဦးက ပြောပါတယ်။ 

“ည ၈ နာရီလောက် လုပ်ကွက်ထဲ လာဖမ်းသွားတယ်။ သေနတ်ကိုင်ထားတဲ့ အင်အား ၂၀ လောက်က လာဖမ်းသွားတာ။ အဖမ်းခံရတာ ကုမ္ပဏီဝန်ထမ်းပဲ။ ဘာလို့ဖမ်းလဲတော့ မသိရဘူး။ အဲ့လိုဝင်ဖမ်းသွားတော့ အနားက လုပ်ကွက်လည်း နားသွားတယ်။” 

အမည်မသိ လက်နက်ကိုင်အဖွဲ့က မြန်မာ့တကောင်းကုမ္ပဏီမှာ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက်ကလည်း မှော်စီစာကျေးရွာက ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ လက်နက်ပြ ဖမ်းဆီးမှု၊ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီး ဓားပြတိုက်မှု၊ လုယက် သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်အတော်များများကို ဖမ်းဆီးအရေးယူနိုင်တာတွေ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013