Home
နိုင်ငံတကာ
ဥရောပကော်မရှင်က Apple ကော်ပိုရေးရှင်းကို ဒေါ်လာ ၂ ဘီလီယံ ဒဏ်ရိုက်
DVB
·
March 6, 2024
Apple hit with over 1.8 bln euro EU antitrust fine in Spotify case

Apple နိုင်ငံတကာ ကော်ပိုရေးရှင်းဟာ App Store ပြင်ပ ငွေပေးချေမှု ရွေးချယ်စရာတွေနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေကို အသိမပေးအောင် Spotify နဲ့ တခြား တေးဂီတထုတ်လွှင့် ဝန်ဆောင်မှုတွေကို ဟန့်တားထားလို့ ပထမဆုံးအနေနဲ့ ဥရောပကော်မရှင်က မတ် ၄ ရက်မှာ ဒဏ်ငွေ ယူရို ၁ ဒသမ ၈၄ ဘီလီယံ (ဒေါ်လာ ၂ ဘီလီယံ) ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ဒီကန့်သတ်ချက်နဲ့ Apple ရဲ့ ၃၀ ရာခိုင်နှုန်း App Store အခကြေးငွေတွေနဲ့ ပတ်သက်ပြီး ဆွီဒင်တေးဂီတထုတ်လွှင့်ရေးဌာန Spotify က ၂၀၁၉ ခုနှစ်မှာ တိုင်ကြားခဲ့လို့ ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့တာပါ။

Apple ရဲ့ ကန့်သတ်ချက်တွေဟာ တရားမျှတမှုမရှိဘဲ ကုန်သွယ်မှုအခြေအနေတွေ၊ ယုံကြည်ကိုးစားမှု ဆန့်ကျင်ရေး ကိစ္စတွေမှာ ဆန်းသစ်တဲ့ အငြင်းအခုံတွေ ဖြစ်စေတယ်လို့ ဥရောပသမဂ္ဂ ဥပဒေပြဋ္ဌာန်းသူက ပြောပါတယ်။

Apple ကို ၂၀၂၁ ခုနှစ်တုန်းကလည်း သမီးရည်းစားဆက်ဆံရေးအတွက် ချိန်းတွေ့တဲ့ အက်ပ်ကို ပံ့ပိုးပေးသူတွေက တိုင်ကြားရာမှာ Dutch antitrust အေဂျင်စီက ဒီအမှုမျိုးကို သုံးခဲ့ဖူးတယ်လို့ ဥရောပသမဂ္ဂက ပြောခဲ့ပါတယ်။

Apple က EU ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး တရားရုံးမှာ စိန်ခေါ်မယ်လို့ ပြောပါတယ်။

ဥရောပရဲ့ ဒုတိယအမြင့်ဆုံး တရားရုံးဖြစ်တဲ့ လူဇင်ဘတ်အခြေစိုက် အထွေထွေတရားရုံးမှာ စီရင်ချက်ချဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ အဲဒီအချိန်အထိ Apple ဟာ EU ရဲ့အမိန့်ကို လိုက်နာရမှာဖြစ်ပြီး ဒဏ်ကြေးငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013