ဘရာဇီးနိုင်ငံ အနောက်မြောက်ပိုင်း၊ အေကာပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁ သိန်းကျော် ထိခိုက်ခဲ့တယ်လို့ ဒေသတွင်းအစိုးရက ခန့်မှန်းထားကြောင်း ဘရာဇီး အစိုးရအေဂျင်စီက မတ်လ ၅ ရက်မှာထုတ်ပြန်ပါတယ်။
အေကာပြည်နယ်ရဲ့မြို့တော် ရီယိုဘရန်ကိုမှာ မြစ်ရေမျက်နှာပြင်က ၁၇ ဒသမ ၈၄ မီတာ (၅၈ ပေ) အထိ ရောက်ရှိခဲ့ကြောင်း ပြည်နယ် ပြည်သူ့ကာကွယ်ရေးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိ ရေကြီးမှုကြောင့် မြို့နယ် ၂၂ မြို့ထဲမှာ ၁၉ ခုက အရေးပေါ်အခြေအနေ ရှိနေပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး မာရီနာ ဆေလ်ဗာနဲ့အတူ ဘေးသင့်ဒေသကို သွားရောက်ခဲ့တဲ့ ပေါင်းစည်းရေးနဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဝေါလ်ဒက်ဇ် ဂိုးစ်က ဒေသဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ပေးအပ်ထားတဲ့ ခန့်မှန်းခြေ ပမာဏဟာ ရေအားလ် ၂၃-၂၄ သန်း (အမေရိကန်ဒေါ်လာ ၄,၆၄၇ - ၄,၈၄၉ သန်း) ရှိတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters