အင်္ဂလန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဝက်ကင်စ်တို့ တွဲဖက်ကစားနိုင်ကြောင်း ကစားသမားဟောင်း အလန်ရှီးယားက သုံးသပ်သွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ လာမယ့် ယူရို ၂၀၂၄ အတွက် အင်္ဂလန်အသင်းရဲ့ တိုက်စစ် ကစားသမားတွေအခြေအနေကို သုံးသပ် ဆွေးနွေးခဲ့တာပါ။
အင်္ဂလန်အသင်းတိုက်စစ်မှာ ဗီလာအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အိုလီဝက်ကင်စ်ကို နံပါတ် ၉ နေရာမှာ ထားပြီး ဟယ်ရီကိန်းကို နံပါတ် ၁၀ နေရာမှာ ထားကစားနိုင်ကြောင်း အလန်ရှီးယားက ပြောသွားတာပါ။
တောင်ပံနှစ်ဖက်မှာ ဘူကာရိုဆာကာနဲ့ ဖီးလ်ဖိုဒမ်တို့ကို ကစားစေပြီး ကွင်းလယ်ပိုင်းမှာ ဒက်ကလန်ရိုက်စ်နဲ့ ဘယ်လင်ဂမ်တို့က ပွဲထွက်ခွင့်အတွက် ထိုက်တန်တဲ့ ခြေစွမ်းတွေရှိကြောင်း အလန်ရှီးယားက ပြောပါတယ်။
ဟယ်ရီကိန်းဟာ စပါး၊ ဘိုင်ယန်အသင်းတွေမှာ ဂိုးဖန်တီးမှုအပိုင်းမှာလည်း တာဝန်ယူရတာကြောင့် လက်ရွေးစင်မှာလည်း နောက်ချန်တိုက်စစ်မှူးအဖြစ် ဂိုးဖန်တီးမှုကိုလည်း တာဝန်ယူနိုင်ကြောင်း အလန်ရှီးယားက သုံးသပ်သွားပါတယ်။
Photo- Action Images via Reuters