မန်ယူအသင်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မှော်တုတ်တံ မရှိကြောင်း နည်းပြဟောင်းနဲ့ ကစားသမားဟောင်း ဆိုးလ်ရှားက ပြောသွားပါတယ်။
မန်ယူအသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ အဆင့်တစ်နေရာက လီဗာပူးနဲ့ ၁၉ မှတ်ကွာဟ နေသလို အဆင့်လေးနေရာက ဗီလာနဲ့ လည်း ၁၁ မှတ်အထိ ကွာဟနေတာပါ။
လက်ကျန်ပွဲစဉ် တွေအားလုံးမှာ ရလဒ်ကောင်းရဖို့ နဲ့ တည်ငြိမ်တဲ့ခြေစွမ်းပြဖို့လိုအပ်ပြီး အသင်းရဲ့ အခြေအနေကို ပြောင်းပြန်လှန်ဖို့အတွက် မှော်တုတ်တံ မရှိကြောင်း ဆိုးလ်ရှားက ပြောပါတယ်။
နည်းပြအဲရစ်တန်ဟတ်ဂ်အနေနဲ့ အောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်ပေမဲ့ အသင်းပိုင်ရှင်တွေ ဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိကြောင်း ဆိုးလ်ရှားက ပြောပါတယ်။
အသင်းကို စီမံခန့်ခွဲမှု ပြောင်းလဲလိုက်ပေမဲ့ ဒါဟာ မှော်တုတ်တံနဲ့ ထိလိုက်သလို ရုတ်ချည်းပြောင်းလဲသွားမှာမဟုတ်ကြောင်း နည်းပြဟောင်း ဆိုးလ်ရှားက ပြောသွားပါတယ်။
Photo-Reuters