ရုရှားနိုင်ငံက ကြားဖြတ်နားထောင် မှတ်တမ်းယူတာ ခံရတဲ့ ယူကရိန်းစစ်ဘက်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုထဲမှာ ပါဝင်တက်ရောက်သူတွေထဲက တဦးက မလုံခြုံတဲ့ ဖုန်းလိုင်းကနေတဆင့် ဖုန်းခေါ်ဆိုခဲ့လို့ စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးနေတယ်လို့ ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က မတ်လ ၅ ရက်မှာ ပြောခဲ့ပါတယ်။
အဲဒီလူဟာ လေကြောင်းပြပွဲ ကျင်းပနေတဲ့ စင်ကာပူကနေ ဖုန်းခေါ်ဆိုခဲ့တာလို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ ဥရောပအဆင့်မြင့် စစ်ဘက်အရာရှိတွေကို ဆွဲဆောင်ခဲ့ပြီး ရုရှားလုံခြုံရေးဌာနတွေအတွက် ပစ်မှတ်ဖြစ်စေခဲ့တယ်လို့ ပစ္စတိုးရီးယပ်စ်က သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားဟာ သူလျှိုကတဆင့် ဒါမှမဟုတ် ပစ်မှတ်ထား စောင့်ကြည့်တာမျိုးတောင် မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းရာကနေ တဆင့် စစ်ရေးဖုန်းခေါ်ဆိုမှုကို ကြားဖြတ်ဟန့်တားနိုင်စရာ ရှိနေတယ်လို့လည်း ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
ခေါ်ဆိုမှုအတွက် WebEx ကို သုံးတာကို ခွင့်ပြုထားမိတာပါ။ ဂျာမနီဟာ အခုလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ နည်းပညာပိုင်းဆိုင်ရာနဲ့ အဖွဲ့အစည်းဆိုင်ရာ အစီအမံတွေကို လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။
Source/Photo-Reuters