Home
နိုင်ငံတကာ
ဖိလစ်ပိုင်သင်္ဘောကို တရုတ်က ရေအမြောက်ဖြင့် နှောင့်ယှက် 
DVB
·
March 6, 2024
Chinese Coast Guard fires water cannon at Philippines supply vessel in South China Sea

တောင်တရုတ်ပင်လယ်အတွင်း ပုံမှန် ပြန်လည်ထောက်ပံ့ရေးမစ်ရှင်ကို ဆောင်ရွက်နေတဲ့ ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘောကို တရုတ်က ရေအမြောက်တွေသုံးပြီး နှောင့်ယှက်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက မတ်လ ၅ ရက်မှာ စွပ်စွဲခဲ့ပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်လွှင့်ပြသခဲ့တဲ့ ဒရုန်းယာဉ်နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနှစ်စင်းက ဖိလစ်ပိုင်ထောက်ပံ့ရေး သင်္ဘောတစင်းကို ရေအမြောက်တွေနဲ့ ပစ်ခတ်နေတာ တွေ့ရပါတယ်။

ရေအမြောက်တွေနဲ့ ပက်ခဲ့လို့ ထောက်ပံ့ရေးသင်္ဘောရဲ့ လေကာမှန် ကွဲအက်ခဲ့ပြီး သင်္ဘောသားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်ရေတပ်က  ပြောပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောတွေကြား အန္တရာယ်ရှိတဲ့ အမူအကျင့်တွေ လုပ်နေတယ်လို့လည်း ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။

ဖိလစ်ပိုင်သင်္ဘောတွေဟာ သူတို့ရဲ့ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ကျူးကျော်ခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားတို့ရဲ့ သီးသန့်စီးပွားရေးဇုန်တွေ (EEZ) အပါအဝင် တောင်တရုတ်ပင်လယ် ရေပိုင်နက် အများစုရဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်တယ်လို့ တရုတ်အစိုးရက အခိုင်အမာ ဆိုထားပါတယ်။

တရုတ်ရဲ့ တောင်းဆိုချက်တွေဟာ ဥပဒေအရ အခြေအမြစ်မရှိဘူးလို့ နိုင်ငံတကာဆိုင်ရာ အမြဲတမ်း ခုံသမာဓိရုံးက ၂၀၁၆ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013