ဂျာမနီနိုင်ငံရဲ့မြို့တော် ဘာလင်နားက ဂရူဝမ်ဟိုက်ဒ်မြို့မှာရှိတဲ့ တက်စ်လာလျှပ်စစ်ကား ကုမ္ပဏီရဲ့ ဥရောပစက်ရုံကြီး မီးရှို့တိုက်ခိုက်ခံရပြီး ထုတ်လုပ်မှု ရပ်သွားတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက မတ်လ ၅ ရက်မှာ ပြောပါတယ်။
တက်စ်လာစက်ရုံနားက လျှပ်စစ်ဓာတ်တိုင်ကို မီးရှို့မှု ဖြစ်နိုင်ခြေအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မီးတောင်အုပ်စုလို့ ခေါ်တဲ့ လက်ဝဲစွန်း စစ်သွေးကြွအဖွဲ့က သံသယဖြစ်ဖွယ် မီးရှို့တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ပြောထားတဲ့ စာတစောင်ကတော့ အင်္ဂါနေ့မှာ မီဒီယာ ဝက်ဘ်ဆိုက်တခုက တဆင့် ပျံ့နှံ့နေခဲ့ပါတယ်။
Source/Photo-REUTERS/Lisi Niesner