Home
နိုင်ငံတကာ
ကာကွယ်ရေးစက်မှုလုပ်ငန်း အစီအစဉ်သစ်အတွက် အီးယူ ဘဏ္ဍာငွေ ထောက်ပံ့မည်
DVB
·
March 6, 2024
EU presents plans to boost the European Union's arms industry, in Brussels

ဥရောပကော်မရှင်ဟာ ယူရို ၁ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ ဘီလီယံ) တန်ဖိုးရှိတဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်း အစီအစဉ်သစ်ကို မတ်လ ၅ ရက်မှာ အဆိုပြုခဲ့ပြီး ၂၀၂၅ ကနေ ၂၀၂၇ ခုနှစ်ကြား ကာလအတွက် ဥရောပသမဂ္ဂ (အီးယူ) ဘတ်ဂျက်ကနေ ဘဏ္ဍာငွေ ထောက်ပံ့သွားမှာပါ။

ဒီအစီအစဉ်သစ်ဟာ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံကို ၂၀၃၀ ခုနှစ်မှာ သူတို့ရဲ့ ကာကွယ်ရေးပစ္စည်းကိရိယာ စုစုပေါင်းရဲ့ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ဝယ်ဖို့နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံ အချင်းချင်းကြား ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုတန်ဖိုးက အီးယူ ကာကွယ်ရေးစျေးကွက်ရဲ့ အနည်းဆုံး ၃၅ ရာခိုင်နှုန်းကို ကိုယ်စားပြုဖို့ ရည်မှန်းထားတယ်လို့လည်း ဥရောပကော်မရှင်က ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွင်း ရုရှားရဲ့ ကျူးကျော်စစ်ပွဲကြောင့် ဥရောပနိုင်ငံအများအပြားဟာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ လှုံ့ဆော်ပေးခဲ့တာပါ။

ဒါပေမဲ့ အီးယူအရာရှိတွေက အမျိုးသားရေးကြိုးပမ်းမှုတွေ ထိရောက်မှုနည်းပါးနေလို့ ကာကွယ်ရေးစက်မှုမူဝါဒမှာ အီးယူအဖွဲ့တွေကို ပိုများတဲ့ အခန်းကဏ္ဍမှာ ပါစေချင်တယ်လို့ အီးယူအရာရှိတွေက စောဒကတက်ခဲ့ကြပါတယ်။

အီးယူကော်မရှင်ဟာ အမြောက်ကျည်အမြောက်အမြား ဝယ်လိုအား ရုတ်တရက် မြင့်တက်လာတာလိုမျိုး လက်ရှိအခြေအနေနဲ့ အလားအလာရှိတဲ့ အဓိကစိန်ခေါ်မှုတွေအတွက် ပိုကောင်းကောင်းပြင်ဆင်နိုင်ဖို့ ဥရောပကာကွယ်ရေးလုပ်ငန်းကို ကူညီဖို့လည်း ကြိုးပမ်းနေပါတယ်။

Source/Photo-REUTERS/Yves Herman

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013