Home
နိုင်ငံတကာ
ကုလအေဂျင်စီ UNRWA က ဟားမတ်စ်အဖွဲ့ဝင်များကိုအလုပ်ခန့်ထားဟု အစ္စရေးပြော 
DVB
·
March 5, 2024
Israel: Over 450 UN aid agency employees in Gaza are 'military operatives'

ဂါဇာရှိ ကုလသမဂ္ဂအကူအညီပေးရေး အေဂျင်စီ (UNRWA)ဟာ ဟားမတ်စ်နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေမှ စစ်ရေးအေးဂျင့် အယောက် ၄၅၀ ကျော်ကို အလုပ်ခန့်အပ်ထားတယ်လို့ အစ္စရေးစစ်တပ်က မတ် ၄ ရက်မှာ ပြောကြားလိုက်ပြီး အစ္စရေးက ဒီထောက်လှမ်းရေး အချက်အလက်တွေကို ကုလသမဂ္ဂနဲ့ မျှဝေထားပါတယ်။ 

UNRWA ဝန်ထမ်းအများအပြားဟာ ဟားမတ်စ်အဖွဲ့ဝင်တွေအဖြစ် နှစ်ဆတိုးနေပြီးတော့ ဂါဇာစစ်ပွဲကို ဖြစ်ပွားစေခဲ့တဲ့ ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာလည်း သူ့ဝန်ထမ်းတချို့ ပါဝင်ခဲ့တယ် ဆိုတဲ့ အစ္စရေးရဲ့ စွပ်စွဲချက်တွေ မြင့်တက်လာနေတဲ့အပေါ် UNRWA အေဂျင်စီဟာ သံတမန်ရေးရာ ထိုးနှက်ချက်ရဲ့အလယ်မှာ ရောက်ရှိနေပါတယ်။ 

အဲဒီအချိန်ကတည်းက အမေရိကန်နဲ့ တခြားနိုင်ငံငံတွေဟာ အေဂျင်စီရဲ့ ရန်ပုံငွေကို ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။

စာနယ်ဇင်းတွေဆီ ဗီဒီယိုထုတ်ပြန်ချက်ထဲမှာ UNRWA ဝန်ထမ်းတွေဟာ အစ္စရေးကို ဝင်ရောက်ပြီးတော့ အစ္စရေးအမျိုးသမီးတွေကို ပြန်ပေးဆွဲခြင်း အပါအဝင် တိုက်ခိုက်မှုအတွင်း သူတို့ရဲ့ လုပ်ရပ်တွေကို ဆွေးနွေးပြောဆိုနေကြောင်းတွေကို အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက အသံဖမ်းထားချက်တွေကို ဖွင့်ပြခဲ့ပါတယ်။ 

အသံဖမ်းမှတ်တမ်းထဲက အာရပ်စကားပြော အမျိုးသားတွေဟာ အမျိုးသမီးတွေလို့ ပြောထားတာ မဟုတ်ပေမဲ့ သူတို့ရဲ့အသုံးအနှုန်းက အမျိုးသမီးတွေကို ရည်ညွှန်းတဲ့ အသုံးအနှုန်းကို အသုံးပြုခဲ့တာဖြစ်ကြောင်း ဟာဂါရီက ပြောပါတယ်။ 

ရိုက်တာသတင်းဌာနကတော့ အသံဖမ်းယူမှုတွေနဲ့ အဲဒီထဲက အကြောင်းအရာတွေ စစ်မှန်မှု ရှိ၊ မရှိ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

တနင်္လာနေ့ အစောပိုင်းက ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့က အစီရင်ခံစာထဲမှာ ဟားမတ်စ် စစ်သွေးကြွတွေက အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း မုဒိမ်းမှုနဲ့ အုပ်စုဖွဲ့မုဒိမ်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ နေရာအများအပြားမှာ ဖြစ်ပွားခဲ့ကြောင်း ယုံကြည်လောက်စရာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013